ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေး စာပေဟောပြောပွဲ ကျင်းပပြုလုပ် ကရင်၊ ဩဂုတ်-၂၈
ကရင်ပြည်နယ် 2024-09-03
Image

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေး စာပေဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ  ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.လ.က(ခွဲ)မိန်းမလှကျွန်းကျောင်း၌ ဩဂုတ်လ(၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားနှင့် “လူငယ်နှင့်စာပေ ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်  ပြောကြားခဲ့သည်။ ဆက်လက်၍ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က “လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများမှ  ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြော ပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊ အဖြေ ပြုလုပ်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ 

အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.လ.က(ခွဲ)မိန်းမလှ ကျွန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Image
Image
Image