ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေး စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည့်သတင်း ကရင်၊ ဩဂုတ်-၁၆
ကရင်ပြည်နယ် 2024-08-23
Image

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ  ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ကော့ကျိုက်)ကျောင်း၌ ဩဂုတ်လ(၁၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန်ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုမိုမောင် က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးအသီး ဟောပြော ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ  ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ 

အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ကော့ကျိုက်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Image
Image
Image
Image
Image