တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ ကရင်၊ ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ 2024-08-23
Image

တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည် နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ၊ ပအိုဝ်းဓမ္မာရုံ၌ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ် ၁:၀၀ နာရီတွင် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊  တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြုစေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင်ထွက်ရှိသောအသီးအနှံများကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင်စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက် လိုအပ်သောထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထီလုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီးဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီးဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်စိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဌာနဆိုင်ရာမှ ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Image
Image
Image
Image
Image