အခြေခံလူသုံးကုန် အိမ်သုံးဆပ်ပြာအမျိုးမျိုး ပြုလုပ်ခြင်း နည်းပညာပေးသင်တန်းကျင်းပ လှိုင်းဘွဲ့၊ ဩဂုတ် ၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ 2024-08-23
Image

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် အခြေခံလူသုံးကုန်အိမ်သုံးဆပ်ပြာအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ တစ်ရွာထုတ်ကုန် တစ်မျိုးထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များ ပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝကို အထောက်အကူပြုစေရန်နှင့် ဈေးကွက်ဝင်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၅-၈-၂၀၂၄) ရက်နေ့မှ (၉-၈-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲ့မြို့၊ ဒိုင်းပြ ကျေးရွာမှ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိကာ ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image