တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော “ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကေျးရွာ၊ ကရင်စာပေနှင့်ယဉ်ကေျးမှုရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးရဲတင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုး နှင့်အဖွဲ့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ထွန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးရဲတင့်မှ သင်တန်းသားများအား အားပေးစကားပြောကြားခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုးက သင်တန်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြာခြင်းများဆောင်ရွက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
“ဂဟေဆက်သင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုရုံးတွင် (၁၆-၇-၂၀၂၄) ရက်နေ့မှ (၃၀-၇-၂၀၂၄) ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် (၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။