တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၄/၂၀၂၄)၊ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၄)၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းအမှ3တ်စဉ်(၁/၂၀၂၄)၊ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်းများဆင်းပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အမှာစကားပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို တို့ကရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများ အား ပေးအပ်ခဲ့ပါသည်။
ထို့နောက်သင်တန်းမှထွက်ရှိသည့် မု့န်နှင့် လူသုံးကုန်ပစ္စည်းများခင်းကျင်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများမှ ကုန်ပစ္စည်းများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
အဆိုပါသင်တန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့၊ ဗမာ စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ သင်တန်းသား/သူစုစုပေါင်း(၁၀၁)ဦး တက်ရောက် သင်ကြားခဲ့ပါသည်။