တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနား ရန်ကုန်၊ ဇူလိုင် (၂၁)
ရန်ကုန်တိုင်းဒေသကြီး 2024-07-23
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံဝန်ထမ်းဖြစ်သည်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊နိုင်ငံတော်စီ မံ အုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေးလုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ချမှတ်ထားသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများ ကို အောင် မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ်  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်မျာအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း(၅)မျိုးနှင့်တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး စတင်ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများ၊ Keyboard ဂီတသင်တန်း ပို့ချနေမှုများနှင့် ပြည် ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီး ဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image