“ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ” တောင်ကြီး၊ ဇူလိုင် ၁၀
တောင်ကြီး 2024-07-10
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူး ဖွင့်လှစ်သည့် “Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ ပါသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းစင်တာ ၌ သင်တန်းသား/သူများ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

သင်တန်းကို (၁၀-၇-၂၀၂၄)ရက်နေ့မှ (၁၇-၇-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ထနော့ စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။ 


Image
Image
Image
Image
Image
Image