၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကာ တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများပြသခြင်း အခမ်းအနားကို (၃-၇-၂၀၂၄)ရက်နေ့က တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရှမ်းပြည်နယ်မှ ကြီးကြပ်၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား(၈)မျိုးနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းလုံ၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ ထနော့၊ ကိုးကန့်၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ အာခါ၊ လားဟူ၊ ကွီ၊ အဲန်၊ တိုင်းမောဝ်(ခ)မောဝ်ရှမ်း၊ ဂုံရှမ်း၊ တိုင်းလွယ်(ခ)ပလန်၊ တိုင်းနေ၊ တိုင်းလိ(ခ)တိုင်းလေ့၊ “ဝ”၊ ပလောင်၊ မြောင်ဇီး တိုင်းရင်းသားမျိုးနွယ်စု (၂၂)စု စုစုပေါင်း (၃၀)စုတို့၏ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများအား ပါဝင်ပြသခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများတွင် ပါဝင်ပြသခဲ့ကြသည့် တိုင်းရင်းသားမောင်မယ် များအား ဂုဏ်ပြုချီးမြင့်ငွေကျပ် ၂,၀၀၀,၀၀ဝိ/-(ကျပ်သိန်းနှစ်ဆယ်တိတိ/-)အားပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။