တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသား ရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ပွင့်ဖြူ မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ “ချင်း”တိုင်းရင်းသား/သူများ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာများနှင့် စစ်တမ်းကောက် ယူမည့် အချက်အလက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို အသိပညာ ပေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ လူ့အခွင့်အရေး၊ ကလေးသူငယ်ရေးရာ၊ ကလေးအလုပ်သမား နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်၊ ကောက်နုတ်ချက်များ၊ လူမှုရေးပင်စင်များအကြောင်း ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးကိစ္စရပ် များအကြောင်းကိုလည်းကောင်း၊တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဦးက တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံး များပါဝင်သည့်အမည်ဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး ကိစ္စရပ်များ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းဆိုင်ရာ အသိပညာ ပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များကိုလည်းကောင်း အသိ ပညာပေး ဟောပြောခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားများ အား ဥပဒေ/နည်းဥပဒေစာအုပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ ဥပ္ပူး ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် ချက်စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား (၈၀) ဦး တို့မှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။