တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူးကျင်းပသော “ဂဟေဆက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၁၂-၆-၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ဖလုဘူတာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုးက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးလှမျိုး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးရာရှိ ဦးသန်းဇော်ထွန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ “ဂဟေဆက် သင်တန်း” ကို (၁၂-၆-၂၀၂၄) ရက်နေ့မှ (၂၅-၆-၂၀၂၄) ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။