“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်”ကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပ ပဲခူး၊ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး 2024-06-12
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ၆-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ ညောင်အင်းကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားခြင်း၊ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊  တိုင်းရင်းသားများ၏ အမည်နာမရှေ့၌ ဝိသေသရှေ့ဆောင်စကားလုံးထည့်သွင်းရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေ အစရှိသည့်ကိစ္စရပ်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အမျိုးသမီးရေးရာကဏ္ဍ၊ ကလေးသူငယ်ကဏ္ဍများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေ (၅)ရပ်နှင့် ဌာနမှ စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပဲခူးမြို့နယ်အားကစားမှူး ဦးဝင်းကျော်က လူငယ်ရေးရာ အားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ညောင်အင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ရာ  ဒေသခံတိုင်းရင်းသား(၈၀)ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image