မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆုပေးပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့ရဲ့စာပေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တန်ဖိုးထားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် မွန်စာပေနှင့်ယဉ်ကျေးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ်မွန်တိုင်းရင်းသား ကလေးငယ်များအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဆုပေးပွဲအခမ်းအနားအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၈၀)ကျော် တက်ရောက်ခဲ့ပါသည်။