တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ၃-၆-၂၀၂၄ ရက်နေ့တွင် "အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား" ကို ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများမှ တဆင့် တစ်ရွာတစ်မျိုးထုတ်ကုန်များ၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် နိုင်သည်အထိ တိုင်းရင်းသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းအတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ သင်တန်းကို (၃-၆-၂၀၂၄) ရက်နေ့မှ (၇-၆-၂၀၂၄) ရက်နေ့အထိ သင်တန်းသား / သင်တန်းသူ (၂၀) ဦးအား (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာအကြည်ခဲ၊ Scrub စသည့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်မှုနည်းပညာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။