ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနား ကရင်၊ မေ -၃၀
ကရင်ပြည်နယ် 2024-06-10
Image

ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊   ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ သင်တန်းသား/သူများ  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရေး စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပျောက်ပျက်အောင် ထိန်းသိမ်းကြစေရန်နှင့် တိုးတက် မြှင့်မားအောင် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုစာပေ သင်တန်း ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ကူညီငွေကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ဦးစိုင်းလှထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပါသည်။

အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၆၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

Image
Image
Image
Image
Image
Image
Image