နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ နေပြည်တော် ဇွန် ၆
နေပြည်တော် 2024-06-06
Image

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ၆-၆-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဋ္ဌများ၊ လုပ်ငန်း ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လျာထား စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လျာထား စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ အခက်အခဲရှိပါကလည်း ဆွေးနွေးတင်ပြ ကြရန်ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းအသုံးစရိတ်များနှင့် ပတ်သက်၍လည်း ဒေသအတွက် ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်အတိုင်း အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့်တာဝန် (၁၃) ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်းတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာသာသနာကို ထွန်းကားပြန့်ပွားစေရေးနဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဦးစီးဌာနများ၏ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ သာသနာရေးနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် သည်နှင့်အမျှ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆပ်ကော်တီဝင် ဦးစီးဌာနများအနေဖြင့် မိမိတို့၏လျာထားလုပ်ငန်း စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ ပါသည်။

  ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသ ဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ စတင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့်အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် (၈)ချက်ချမှတ်၍  တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစီးဌာနများကို အတည်ပြုကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image