“တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား” ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ မေ ၂၇
ကရင်ပြည်နယ်၊ ဘားအံ 2024-05-31
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေး‌ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲအခမ်းအနား” ကို (၂၇.၅.၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဝင်းကျန် ကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေများနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teacher Assistant (TA)နှင့် Language Teacher (LA) များ ခန့်ထားမှုကိစ္စများ၊ ဦးစီးဌာန၏ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ဦးက ဗလငါးတန် ဖွံ့ဖြိုးစေရေး လူငယ်ရေးရာကိစ္စ ရပ်များ၊ စာပေဖတ်ရှုခြင်းနှင့်လူငယ်၊ စာရိတ္တနှင့်လူငယ် စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျေးလက်ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များ၊ တိုင်းရင်းသားလူငယ်များ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးစေရေး ကိစ္စရပ်များအားလည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိက ပတ်ဝန်းကျင်စီမံ   ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ သဲကန္တာရဖြစ်ထွန်းရသည့် အကြောင်းတို့ကို   လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်နော်သြလျဖော် က လူငယ်နှင့် အားကစား၊ အားကစားနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသား လူမျိုးများ၏ ဝိသေသရှေ့ဆောင်အမည်နာမများထည့်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းများကို ကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၀၀)ဦး ဖြေဆိုခဲ့ပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image