တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်ကို ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပ ကွမ်းခြံကုန်း၊ မေလ ၂၀ ရက်
ရန်ကုန်တိုင်းဒေသကြီး 2024-05-28
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦီးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၀-၅-၂၀၂၄) ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူရခြင်း အကြောင်း အရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊  နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ ပန်းခင်း စီမံချက်ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များ ကျောင်းစတင်အပ်နှံချိန်မှစ၍ မိမိတို့ လူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန် အကြောင်းတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က အမျိုးသမီးများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းတို့ကိုလည်းကောင်း၊  သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းအိမွန်က သမဝါယမဝန်ကြီးဌာန၏ သမဝါယမ အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက ပုံပြပုံပြင်စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကြောင်း၊ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများအကြောင်းတို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူ (၆၀)ဦး ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image