ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)တိတိအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးခွန်မင်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၅၀)ကျော် တက်ရောက်ခဲ့ပါသည်။