အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ် ရန်ကုန်၊ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး 2024-05-27
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်သည့် “အခြေခံကွန်ပျူတာသင်တန်း” ဖွင့်ပွဲအခမ်းအနား ကို (၁၇-၅-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ 

ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းကျော်ထူးနှင့် အဖွဲ့ဝင်များ၊  သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ ဆရာမများ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 



Image
Image
Image
Image
Image
Image