တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်U.I.D Number ဆောင်ရွက်ပေးခြင်းနှင့်ကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့တက်ရောက် ထားဝယ် ၊ မေလ ၁၂
တနင်္သာရီ 2024-05-23
Image

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် U.I.D Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပန်းခင်းစီမံချက်ကို ယာယီနေရပ် စွန့်ခွာဒေသခံတိုင်းရင်းသားများအနေဖြင့် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကို ကာယကံရှင်တိုင်းရင်းသားပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ဆောင်ရွက်ပေးအပ်နိုင်သည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ ပန်းခင်းစီမံချက်ကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ရသော်လည်း အခြားသောဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအား မိမိအနေဖြင့် ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ပြီး ပျော်ရွင်စွာဖြင့် ဆောင်ရွက်ပေးခြင်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်ခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါတွင် များစွာဆုံးရှုံးခဲ့ရပါကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထားလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းများပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ပါသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်နှင့်နေရပ်လိပ်စာ တို့ကို စီစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နှာအနေအထားတို့ကို ခေတ်မီနည်းစနစ်များဖြင့် စိစစ်ကောက်ယူဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

Image
Image
Image
Image
Image
Image
Image
Image
Image