ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပပြုလုပ်သော
ကရင် (စကော)တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ (TA/LT)များအတွက် နွေရာသီမွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၈.၅.၂၀၂၄) ရက်နေ့က အခြေခံပညာအလယ်တန်းကျောင်းခွဲ၊
သရက်ကုန်း(ကရင်) ကျေးရွာ၊ ဘုရားကြီးမြို့နယ်၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များ၊
ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမ (TA/LT) များနှင့် ဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခြင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ဆရာ/ဆရာမများအတွက် လိုအပ်သည်များကို ပြောကြားခြင်း၊ ကရင်(စကော) တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ(TA/LT)များမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ကြ ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။