တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်မှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဝင်ငွေပိုမိုရရှိရေးအတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂) တို့နှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါ သည်။ ဆက်လက်ပြီး ဘာဂီယာဉ်အဟောင်း များအား Right Out လုပ်နိုင်ရန်နှင့် အချို့ယာဉ်အဟောင်းများအား ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ရေး ပြန်လည်တင်ပြနိုင်ရေးဆောင်ရွက်ရန်၊ ရေလွှာလျှောစီးဆောင်ရွက်ထားရှိသည့်နေရာတွင် ဧည့်သည်တော်များ ဝင်ရောက်ကစားနေသည့်အခြေအနေအား ကြည့်ရှုခြင်း၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထားရှိသည့်နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ပါသည်။