တိုင်းရင်းသားရိုးရာအကသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ဧရာဝတီ၊ ဧပြီလ ၂၃
ဧရာဝတီတိုင်းဒေသကြီး 2024-04-30
Image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းသားရိုးရာအကသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန(၂) ခုမှ အရာထမ်း၊ အမှုထမ်း များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက သင်တန်းဖွင့်လှစ်မည့် အစီအစဉ် အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ (၁၅)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကရင်၊ရခိုင်နှင့် ချင်း တိုင်းရင်းသားသင်တန်းသူ (၄၈) ဦး တက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image