မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကျင်းပ ဧရာဝတီ၊ ဧပြီလ ၂၃
ဧရာဝတီတိုင်းဒေသကြီး 2024-04-30
Image

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းသား ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ပုံနှိပ်ထုတ်ဝေသော မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ  အရာထမ်း၊ အမှုထမ်းများ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရခိုင်/ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသိန်းကျော်က စာအုပ်ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ မြန်မာ-အနောက်ပိုးကရင်-စကောကရင် စကားပြောစာအုပ်၊ G-3 ဆရာကိုင် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image