ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးနှင့် ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာတိုင်းရင်းသားရိုးရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နှစ်သစ်ကူး အကြိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ယဉ်ကျေးမှုအဖွဲ့မှ အတာင်္ကြန် တေးသီချင်းများဖြင့် ဖေျာ်ဖြေခဲ့ပြီး၊ ဗမာသိုင်း အကျော်အမော်များမှ ဗန်တို၊ ဗန်ရှည် သိုင်းပညာ၊ ဝါးရင်းတုတ်သိုင်းပညာ၊ ဓားသိုင်းပညာရပ်များအား သရုပ်ပြတင်ဆက်ခဲ့ပြီး ရိုးရာခြင်းလုံးပညာရှင်များမှ ဗမာ့ရိုးရာခြင်းလုံးအားကစားနည်းအား အလှပြတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကပြဖျော်ဖြေသရုပ်ပြခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော တိုင်းရင်းသား မိသားစုများက မန်းတောင်ရိပ်ခို တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။