အရှိုချင်းစာပေဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ဧရာဝတီ၊ ဧပြီလ ၈
ဧရာဝတီတိုင်းဒေသကြီး 2024-04-22
Image

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီ အရှိုချင်းစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရေတာကျေးရွာ၊ အ.လ.က-ဘန့်ဘွေးကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ သက်ဆိုင်ရ ဌာနများမှ တာဝန်ရှိသူများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက အမှာစကားပြောကြား၍ စတင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့် အတွင်းရေးမှူးက အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်လျာထားချက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသူများက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသခံအရှိုချင်းတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ငပုတော၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ် (၄) မြို့နယ်ရှိ အရှိုချင်းတိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image