ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနား တက်ရောက် တောင်ကြီး၊ ဧပြီလ(၅) ရက်
ရှမ်းပြည်နယ် 2024-04-11
Image

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ကို (၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းသားအားလုံး အခြေခံအားဖြင့် တက် မြောက်ပြီဟု ယုံကြည်ပါကြောင်း၊ ပထမအကြိမ်သင်တန်းကို အားရပါကြောင်း၊ ယခု အကြိမ်တွင် လည်း ထိုကဲ့သို့ဖြစ်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ “ပညာလိုအိုသည်မရှိ” ဆိုသည့် စကားပုံ အတိုင်း လေ့လာဆည်းပူးနေကြရန်လိုပါကြောင်း၊ ယခုမော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ စ၍ အင်ဂျင်သဘောတရားနားလည်သွားပြီး မော်တော်ယာဉ်များပြင်ဆင်နိုင်သည်အထိ အထောက် အကူပြုနိုင်ပါကြောင်း၊ သင်တန်းမှပညာရပ်များကိုမမေ့ကြရန်နှင့် အပတ်တကုတ် ကြိုးစားအား ထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန် ရှိသူတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ တို့ကို ပေးအပ်ခြင်း၊  သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ 

အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image