မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်၊ အကွက်အမှတ် (၂၂) ၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကယားနှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် Bakery & Snack အမျိုးအမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဤအဆောက်အဦ ကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ဤသင်တန်းစင်တာတွင်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှရရှိသည့် ရန်ပုံငွေများပေါ်မူတည်၍ ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်လှစ် ပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထပ်မံဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တစ်ကြိမ်လည်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးစီးပွားဖြစ်ထွန်း စေမည့် အသေးစား၊ အလတ်စားကုန်ထုပ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလသည် ရက်သတ္တ(၁)ပါတ် ဖြစ်သော်လည်း မုန့်ပြုလုပ်နည်း (၂၁) မျိုးသင်ကြားပေးနိုင်သည့်အပြင် တက်ရောက်လာသည့်သင်တန်းသားသူများသည်လည်း ဉာဏ်ကွန့်ပြီးတီထွင်ကြံဆ ကြိုးစားသင်ယူကြသည်ကိုတွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တတ်ကျွမ်းသည့် ပညာရှင်များ လာရောက်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းရင်းသားများအတွက် အကျိုး ပြုမည့်အခြားသင်တန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖွင့်လှစ်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ နောင်တွင်ရပ်ဝေးမှ သင်တန်းသားများပါ ပါဝင်တက်ရောက်နိုင်ရန် ထပ်မံ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက သင်တန်းမှ သင်ကြားပေး သည့်မုန့်အမျိုးအစားများအားလုံးကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေသည်ကို တွေ့ရသည့် အတွက် များစွာ ကျေးဇူးတင်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်၊ သင်တန်းနည်းပြဆရာမများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား တက်ရောက် လာသည့် သင်တန်းသား၊ သင်တန်းသူများထံသို့ ပေးအပ်ခြင်း၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်း အနားကို ပိတ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို (၂၂-၃-၂၀၂၄)ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကယား၊ ဗမာ၊ လားဟူ၊ ဓနု၊ ပလောင် စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။