၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှု ကြည့်ရှုအားပေး နေပြည်တော် ဧပြီ ၄
နေပြည်တော် 2024-04-05
Image

      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန်အတွက် ယိမ်းလှပျိုဖြူများ ယိမ်းအကကြိုတင်လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန် ရှိသူများနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့က ယိမ်းကကွက်များညီညာစေရန်၊ မျက်နှာအမူအရာပြုံးရွှင်စေရန်၊ကိုယ်နေဟန်ထားကျော့ရှင်းလှပမှုရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရန် စသည်ဖြင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကန်မဏ္ဍပ်တွင် “ချမ်းခိုက်ခိုက်တုန်” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမဏ္ဍပ်တွင် “ပျော်သလားဟေ့”နှင့် “ထာဝရသစ္စာ” စသည့် တေးသီချင်းများဖြင့် လည်းကောင်း ပါဝင်ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်းသိရသည်။


Image
Image
Image
Image