(၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို (၂၄.၃.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၏ ၂၀၂၄ခုနှစ်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ပေးပို့လာသည့် သဝဏ်လွှာကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)တိတိအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးခွန်မင်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။