တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်သည့် “အခြေခံဖုန်းပြုပြင်ခြင်းသင်တန်း” ဆင်းပွဲအခမ်းအနားကို (၂၃-၃-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်နှင့် သင်တန်းနည်းပြဆရာ ဦးသန်းလှိုင်တို့က သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းတွင် ထူးချွန်ဆု ရရှိသူ သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က သင်တန်း နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၃-၃-၂၀၂၄) ရက်နေ့အထိ သင်တန်းသား/ သူ (၁၇) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဖုန်း Hardware ပိုင်းနှင့် Software ပိုင်း ပြုပြင်နည်း များကို စာတွေ့လက်တွေ့သင်ကြားခဲ့ပါသည်။