တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပပြုလုပ် ဧရာဝတီ ၊ မတ် ၂၁
ဧရာဝတီ 2024-04-01
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက  ကျင်းပဆောင်ရွက်သည့် “တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲ” ကို (၂၁-၃-၂၀၂၄)  ရက်နေ့တွင် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါ သည်။ 

ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံးဖြင့် စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့်အခမ်းအနားများကို အစဉ်အလာမပျက်ကျင်းပနိုင်စေရန် ဆောင်ရွက်ပေး လျက်ရှိပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ TA/LT ဆရာ၊ ဆရာမ ၆၃၀ ဦး ထပ်မံခန့်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာ သင်ကျောင်း ၁၂၆ ကျောင်း ကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ဘာသာသင်ဆရာ၊ ဆရာမများကလည်း ကလေးငယ်များ ပညာရေးကောင်းမွန်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ် ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အပြန်အလှန်အကြံပြု ဆွေးနွေးကြရန်လိုပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ အတူတကွလက်တွဲဖော်ဆောင်ကြစေလိုကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ 

ဒုတိယပိုင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားခဲ့ပြီး ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာမြင့်ကြည်သိန်းက မြန်မာစကား၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင် ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

ထို့နောက် တက်ရောက်လာသည့် ဗမာ၊ ကရင်၊ ရခိုင်၊ ချင်းတိုင်းရင်းသားများက အုပ်စု(၄) စု ခွဲ၍ ဆွေးနွေးခြင်းနှင့် ဦးစီးဌာန(၂)မှ တာဝန်ခံအရာရှိများက ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image