တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ နေပြည်တော် မတ် ၂၈
နေပြည်တော် 2024-03-29
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်းအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့ နံနက်ပိုင်း တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတော်၏ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်စွမ်းအားစုတစ်ရပ်အဖြစ် ပါဝင်နိုင်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်စေရေးတို့အတွက် ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့်ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနမှ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ များအနေဖြင့် ယခုသင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့်ကွန်ပျူတာအခြေခံ သဘောတရား များကို အသုံးပြု၍ ရုံးလုပ်ငန်းများကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်အဆင့်မြင့် ITနည်းပညာများဖြစ်သည့် Artificial Intelligence (AI), Blockchain, Cloud Computing, Big Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ "တတ်ပြီးပညာ မလေ့လာက မကြာမရှည်ပျောက်တတ်သည်" ဟူသော ဆိုရိုးစကားနှင့်အညီ သင်တန်းမှပို့ချခဲ့သည့်သင်ခန်းစာများကို အခြေခံ၍ လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ဆက်လက်ပြုလုပ်သွားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချမည်ဆိုပါကပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းများ ဖြစ်လာကြမည်ဟုယုံကြည်ပါ‌ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်မိမိတို့၏လုပ်ငန်းတာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့်အလေးထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မိမိဘဝတိုးတက်ရေးမှသည်မိမိဌာနတိုးတက်ပြီး အကျိုးစီးပွားရလဒ်ကောင်းများ ရရှိစေရန် ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုကွန်ပျူတာသင်တန်းသည် အခြေခံသင်တန်းဖြစ်ပြီး ထိုမှတစ်ဆင့်အလယ်အလတ်နှင့် အဆင့်မြင့် သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးရန်နှင့်လိုအပ်ပါက သင်ကြားမည့် ဆရာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်နှီးနွယ်ဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ၍သင်ကြားပေးရန် အကြံပြုလိုပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များကို အခြေခံ၍အင်တာနက်မှ တစ်ဆင့် ICT နည်းပညာများကို ဆက်လက်လေ့လာအသုံးချခြင်းဖြင့်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယင်းသို့လေ့လာရာတွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိခြင်းသည် အရေးပါလှသဖြင့်အင်္ဂလိပ်စာကိုလည်း အထူးကျွမ်းကျင် တတ်မြောက်ရန် လိုအပ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အဆင့်မြင့် ICT နည်းပညာများကိုဆက်လက်လေ့လာ၍ မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားစေခြင်းဖြင့် ဝန်ကြီးဌာန၏မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင်အထောက်အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများကိုသင်တန်းနည်းပြများ အားလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကိုသင်တန်းသားများကိုယ်စားသင်တန်းသား(၁)ဦးနှင့် သင်တန်းသူများ ကိုယ်စားသင်တန်းသူ(၁)ဦး တို့ကိုလည်းကောင်း ပေးအပ်ရာ အသီးသီးလက်ခံရယူကြပါသည်။ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများအားဒုတိယ ဝန်ကြီးကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image