တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း’’ အခမ်းအနားကို (၁၃-၃-၂၀၂၄) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာ ကျေးရွာ၊ ဃောသိတာရုံကျောင်းတိုက် ၊ မိုးဆန်းပန်း ဓမ္မစကူးလ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်ကြီးခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမြဝင်းက လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်း ဆိုင်ရာအကြောင်းတို့ကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက် ဆောင်ရွက်မှု အခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့ လူမျိုးများ၏ ဝိသေသ ရှေ့ဆောင် စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန် အကြောင်းတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းတို့ကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအုန်းထွန်းက သမဝါယမဝန်ကြီးဌာန၏ သမဝါယမ အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ပပဖြိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏အကြောင်း၊ အသေးစား စက်မှုနှင့် အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ်ပေးမှုအခြေအနေနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူရခြင်း အကြောင်းအရာများကို လည်း ကောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်း လွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦး ဖြေဆိုခဲ့ပါသည်။ အခမ်းအနားသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအပါအဝင် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။