တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/ ၂၀၂၄) ကို (၂၇-၂-၂၀၂၄)ရက်နေ့မှစ၍ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၅၈) ဦးတို့အား သင်တန်းပို့ချနိုင်ခဲ့ပါကြောင်း၊ သင်တန်းကို အောင်မြင်ပြီးမြောက်အောင် အဖက်ဖက်မှ ဆောင်ရွက်ပေးကြသော သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံး ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီး ဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားလာရေးကို ဦးတည်ပြီး ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ် ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ် များနှင့် ရုံးလုပ်ငန်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိနားလည်ခြင်းအားဖြင့် ဌာနတွင်း လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်ဖြစ်စေ ထိရောက်မှန်ကန် မြန်ဆန်စွာ ဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးဆက်စပ် ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်သည်ကို မိမိတို့၏ အသိစိတ်မှ သိရှိမှတ်သားထားရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန် သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်စေရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်လျက်ရှိသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင်လည်း ပြည်သူ့ဝန်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်ထားစေတနာ မှန်ကန်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြား ပို့ချခဲ့သည့် ဘာသာရပ်များကို ကောင်းမွန်စွာ လေ့လာမှတ်သားပြီး လုပ်ငန်းခွင်၊ လက်တွေ့ နယ်ပယ်များနှင့်ချိတ်ဆက်၍ စဉ်ဆက်မပြတ်လေ့လာကြိုးစား အားထုတ်ပြီး လုပ်ငန်းခွင်တွင် ထိရောက်မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချဆောင်ရွက်ပါက အောင်မြင်မှုရရှိလာမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသည့် အတွေးအခေါ်၊ ဗဟုသုတများကို အခြေခံ၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ အကျိုးစီးပွားကို ရလဒ်ကောင်းများ ဖြစ်ထွန်းစေရေးအတွက် မိမိတို့တာဝန်ကျရာ နေရာဒေသ၊ အခန်းကဏ္ဍများမှ အားကြိုးမာန်တက် စဉ်ဆက်မပြတ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်ရေးအတွက် မောင်းနှင်အားပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဆိုသည့် စကားအတိုင်း နိုင်ငံတော်၏ ယန္တရားများ ဟန်ချက်ညီစွာ လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းများ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းပိုင်ဆိုင်ရာ အသိအမြင်ဗဟုသုတ ကြွယ်ဝသော စွမ်းဆောင်ရည်မြင့်မားတိုးတက်သည့် ဝန်ထမ်းများဖြစ်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချ မှုများကို လေ့လာမှတ်သားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ခေါ်ယူသောသင်တန်းများ၊ ဌာနတွင်းသင်တန်းများ အားလုံးကို တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားများဖြင့် အမှားအမှန်ကို ခွဲခြားစိတ်ဖြာဆန်းစစ်နိုင်သော အသိပညာရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို မြှင့်တင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၊ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် အဖွဲ့အစည်းအပေါ်တွင် သစ္စာရှိသော၊ တာဝန်ယူသော၊ လိုလားတက်ကြွ စွာဖြင့် ထမ်းဆောင်သော ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။