ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ရခိုင်ရိုးရာရထားဆွဲပွဲနှင့် ကျင်ကိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်းကောင်း၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်လည်းကောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟစ်တိုင်ကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာန မှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ကရင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များနှင့်ရခိုင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများတက်ရောက်အားပေးချီးမြှင့် ခဲ့ပါသည်။
ရခိုင်ရိုးရာရထားဆွဲပွဲနှင့်ကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရခိုင်တိုင်းရင်းသူများက ရိုးရာယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ရခိုင်ရိုးရာရထားဆွဲပွဲ၊ ကျင်ကိုင်ပွဲနှင့်သက်ဆိုင်သည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင် ရိုးရာရထားဆွဲပွဲ၊ ကျင်ကိုင်ပွဲအခမ်းအနားကို စတင်ခဲ့ပါသည်။
ရခိုင်ရိုးရာရထားဆွဲပွဲတွင် ပြိုင်ပွဲဝင် (၁၀) သင်း၊ ကျင်ကိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးရခိုင်ရိုးရာကျင်ကိုင်ပွဲတွင် ရွှေမောင်း၊ ငွေမောင်း၊ကြေးမောင်းဆုရရှိသူများနှင့် ရခိုင်ရိုးရာရထားဆွဲပွဲတွင်ပထမဆု၊ဒုတိယဆု၊တတိယဆု၊နှစ်သိမ့်ဆုရရှိသူများအားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိပါသည်။