(၇၇)ကြိမ်မြောက်
မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ၂၀၂၄၊
ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး
မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊
ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် မွန်တိုင်းရင်းသား/တိုင်းရင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ
မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အနေအဖြင့် ကျင်းပသော မွန်စာပေနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် မွန်တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးနှင့် မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီများမှ ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် မွန်တိုင်းရင်းသူများမှ မွန်ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ရာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မွန်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား
ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း
သတင်းရရှိပါသည်။