အရှိုချင်းတိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်း အခမ်းအနားကျင်းပ ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၀
ဧရာဝတီ 2024-03-01
Image

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အရှိုချင်းတိုင်းရင်းသားဘာသာစာပေကျောင်းသုံး ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ အရှိုချင်း တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းတိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ် အခမဲ့ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အရှိုချင်းတိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ်များအား ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက လက်ခံရယူခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။


Image