(၇၆) နှစ်‌မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ ဧရာဝတီ၊ ဖေဖော်ဝါရီလ ၂၀
ဧရာဝတီ 2024-02-20
Image

ဧရာဝတီတိုင်းဒေသကြီး၊ ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပပြုလုပ် သည့် တိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ မြို့တော် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာန ချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ချင်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ကရင်/ရခိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များ နှင့် ချင်းတိုင်းရင်းသားညီအစ်ကို မောင်နှမများ တက်ရောက် အားပေး ချီးမြှင့်ခဲ့ကြပါသည်။ 

အခမ်းအနားကို သဘာပတိကြီးက မင်္ဂလာမောင်း (၃) ချက်တီး၍ ဖွင့်လှစ်ပြီး သဘာပတိ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြား ခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်မှ ပေးပို့သော ချင်းအမျိုးသားနေ့သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး စောလင်းခယ်က ဖတ်ကြားခဲ့ကာ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ချင်းတိုင်းရင်းသူတစ်ဦးက ခင်းကျင်းပြသထားသော ချင်းတိုင်းရင်းသားအလံ အကြောင်းအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး က ချင်းအမျိုးသားနေ့ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image