တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ လိုက်လံကြည့်ရှု့စစ်ဆေး နေပြည်တော် ဖေဖော်ဝါရီ ၂၄
နေပြည်တော် 2024-02-27
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang    နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်  နေထိုင်ခြင်း ရှိ/မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ/မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက်   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။ 

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိ မှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦကြံ့ခိုင်မှု အခြေအနေများနှင့် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတို့တိုက် ပတ်ဝန်းကျင်သန့်ရှင်းရေးကို နေ့စဉ်/အပါတ်စဉ်အလိုက် ပူးပေါင်း ဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက် ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်ကြ ရန်နှင့် လျှပ်စစ်မီးလုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင် ရွက်ရမည်တို့ကို မှာကြားပြီး တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image