ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ တိုင်းရင်းသားအမျိုးသမီးများအား "Gender (ကျား၊ မ)၊ CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ NSPAW အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ဆိုင်ရာအသိပညာပေးသင်တန်း" ကို (၂၀-၂-၂၀၂၄) ရက်နေ့တွင် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တိုင်းရင်းသား အမျိုး သမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အမျိုးသမီးများ၏ အခွင့်အရေးများ၊ Gender (ကျား၊မ) ဆိုင်ရာကိစ္စရပ်များ၊ မူဝါဒများ၊ အမျိုးသမီးထုကြီး၏အင်အားနှင့် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် အမျိုးသမီးများကဏ္ဍမြှင့်တင်ပေးမည့်မူဝါဒများ၊ လုပ်ငန်းစဉ်များအား သိရှိနိုင် ရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ကိစ္စရပ်များအား တိုင်းရင်းသားအမျိုးသမီးများ သိရှိစေရန် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး က Gender ကျားမဆိုင်ရာကိစ္စရပ်များ၊ မူဝါဒများ၊ လိင်ခွဲခြားဆက်ဆံမှုများအကြောင်းကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ NSPAW အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း)ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီး ကဏ္ဍမြှင့်တင်ပေးမည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းယန္တရားများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တိုင်းရင်းသားအမျိုးသမီးများ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။