ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက် တောင်ကြီး၊ ဖေဖော်ဝါရီလ(၁၉)
ရှမ်း၊ တောင်ကြီး 2024-02-19
Image

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်လာကြသည့် သင်တန်း သား/သူများအနေဖြင့် စည်းစည်းလုံးလုံးနေထိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေကျောင်းစား(အခမဲ့) သင်တန်းဖြစ်သည့်အတွက် သင်တန်းပြီးဆုံးသည်အထိတက်ရောက်စေလိုပါကြောင်း၊ ယနေ့ခေတ် IT နည်းပညာသည် အရေးကြီးအသုံးပြုလာသည့်အတွက် ကွန်ပျူတာသင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူကြပြီး သင်တန်းပြီးဆုံးသွားချိန်တွင်လည်း IT နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ သင်ယူပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မည့် မျိုးဆက်သစ်လူငယ်လူရည်ချွန်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သည့် ကွန်ပျူတာ ပညာရပ်များအား စိတ်ပါဝင်စားစွာ သေချာသင်ကြားလေ့လာမှတ်သားရန်လိုပါကြောင်း စသည် များအား ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အမှာစကား ပြောကြားရာတွင် ဤသင်တန်းစင်တာသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ သင်တန်းများကို တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊  သင်တန်းစင်တာမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာလိုက်နာကြစေ လိုပါကြောင်း၊ သင်တန်းသား/သူများ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်နှင့် သင်တန်းပြီးဆုံးအောင် တက်စေလိုပါကြောင်း၊ သင်တန်းများဖြစ်မြောက်‌စေရန် ဆောင်ရွက်ပေး ပါသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သင်ကြားပေးပါသော ဆရာ/ဆရာမ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၉-၂-၂၀၂၄)ရက်နေ့မှ (၁၉-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ ထနော့ စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သား(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း သည် သင်တန်းစင်တာတွင် သုံးရေရရှိရေးအတွက် ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အေးသာယာမြို့၊ ရပ်ကွက်(၂)ရှိ သဘာဝ ရေထွက်မှ သင်တန်းစင်တာသို့ ရေသွယ်တန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image