တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲ အခမ်းအနားကို (၇-၂-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပထမဆုရရှိသည့် သင်တန်းသူအား ကချင်ပြည်နယ် အစိုးရ အဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ က လည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က လည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသူအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက လည်းကောင်း ဆုအသီသီး ချီးမြင့်ခဲ့ကြပါ သည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးရန်နိုင်လွင်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်များပေးအပ်ခဲ့ပြီး၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက သင်တန်းသား / သင်တန်းသူ (၂၀) ဦး ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
ထို့နောက် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းဆင်း သင်တန်းသား / သင်တန်းသူ များ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း သား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ “တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း” ကို (၁-၂-၂၀၂၄) ရက်နေ့မှ (၇-၂-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စု (၁၂) စု တို့မှ သင်တန်းသား/ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။