တောင်ငူမြို့၊ ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၇)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အောင်ပွဲအခမ်းအနား ပဲခူး ၊ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ 2024-02-20
Image

 (၇၇)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အောင်ပွဲအခမ်းအနားကို ၇.၂.၂၀၂၄ ရက်နေ့က တောင်ငူမြို့၊ ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံရှိသူများ ရန်ကုန်တိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက၊ ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ တောင်ငူခရိုင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းရင်းသား/တိုင်းရင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက လုင်းစိုင်းမုင့်နှင့်တောင်ငူခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုလူငယ် အသင်း ဥက္ကဋ္ဌ စိုင်းအောင်အောင်တို့က အမှာစကားများပြောကြားခဲ့ကာ ရှမ်းသမိုင်းပညာရှင် ဒေါက်တာ စိုင်းဆံအိုက်မှသျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ (၇၇)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့  စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြ သည့် တိုင်းရင်းသားကျောင်းသား/ကျောင်းသူလေးများအား တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရှမ်းတိုင်းရင်းသူများမှ ရှမ်းရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန် ကြီး၊  ဦးစောလင်းအောင်မှ ရှမ်းရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ကြ ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image