တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး တောင်ကြီး ဖေဖော်ဝါရီ (၈)
ရှမ်းပြည်နယ် 2024-02-09
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် သင်တန်းသူ၊ သင်တန်းသားများ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ရေလုံလောက်စွာ ပိုမိုအသုံးပြုနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံမြို့မိ မြို့ဖများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း တွင် အေးသာယာမြို့ရှိ သစ်ပင်ထောင်ရေထွက်ရှိရာနေရာမှ သင်တန်းစင်တာသို့ ရေသွယ်တန်း ရရှိနိုင်ရန်အတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ သစ်ပင်ထောင်ရေထွက်ရှိရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအတွက် သစ်ပင်ထောင်ရေထွက်ဧရိယာနေရာတွင် ဂါလံ ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်သွားနိုင်ရေး၊ ရေတင်မော်တာစက်တပ်ဆင်သွားနိုင်ရေး၊ သစ်ပင်ထောင်ရေထွက် နေရာမှ သင်တန်းစင်တာသို့ ရေပိုက်လိုင်းများသွယ်တန်းနိုင်ရေးနှင့် လျှပ်စစ်မီးတပ်ဆင် သွယ်တန်းရန် ကိစ္စရပ်များအတွက်‌ အသေးစိတ်ဆွေးနွေးမှာကြားပြီး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက  အထွေထွေအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image