ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးဝမ်းကျောင်းသင်တန်းစင်တာ တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော် ဖေဖေါ်ဝါရီ ၂
ရှမ်းပြည်နယ် 2024-02-05
Image

မဲခေါင်လန်ချန်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ရန်ပုံငွေနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတို့ဖြင့် တောင်ကြီးမြိုနယ်၊အေးသာယာမြို၌ တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးဝမ်းကျောင်း သင်တန်းစင်တာတွင် အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းကို ယနေ့နံနက်တွင်ကျင်းပရာ ရှမ်းပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ 

ရှေးဦးစွာ အေးသာယာမြို့နောင်အင်ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တဗုဒ္ဓဃောသနှင့် သံဃာတော်များက စင်တာ၌ ကိုးကွယ်မည့် ဗုဒ္ဓဆင်းတုတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူပြီး ပရိတ်တရားတော်ကိုရွတ်ပွားသရာဇ္ဈာယ်ကြပါသည်။ ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။ ထို့နောက်ဆရာတော်များက အန္တရာယ်ကင်းကမ္မဝါစာများကို ရွတ်ဖတ်ကြပြီး သံဃာတော်များအား နေ့ဆွမ်းကိုဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အဆိုပါစင်တာကို ၇၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image