တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့တွင် ကျင်းပပြုလုပ် ဧရာဝတီ၊ ဇန်နဝါရီလ ၂၄ ရက်
ဧရာဝတီတိုင်းဒေသကြီး 2024-02-02
Image

         တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၂၄-၁-၂၀၂၄) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊တိုင်းဦးစီးမှူးဒေါ်မြမာလာစိုးကကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်း ကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံ သားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသ ရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေသောင်ယံမြို့ဦးစီးမှူး ဦးတင်ဝင်းက စပါးတစ်ဧက(၁၀)တင်း နှုန်း ပိုမိုအထွက်တိုးစေရေး လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မိုးစပါးစိုက်ပျိုးရေးနှင့် ဆီထွက် သီးနှံစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၇၁) ဦး ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


Image
Image
Image
Image
Image
Image
Image
Image