တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဘားအံမြို့နယ်တွင်ကျင်းပ ဘားအံ၊ ဇန်နဝါရီလ ၂၅ ရက်
ကရင်ပြည်နယ်၊ ဘားအံ 2024-02-02
Image

        တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း နှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိ ပညာပေးခြင်း အခမ်းအနား"ကို ၂၅-၁-၂၀၂၄ ရက်နေ့တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင် အရှေ့ကျေးရွာနှင့် အနောက်ကျေးရွာ နှစ်ရွာပေါင်း၍ အ.ထ.က (ဇာသပြင်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဇာသပြင်ကျေးရွာရှိ မွန်တိုင်းရင်းသားဒေသခံများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိနိုင်ရန်နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်း စသည် ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား ပတ်ဝန်းကျင်နှင့် လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဗလငါးတန်  ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးနှင့် လူငယ်ခေါင်းစဉ်စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူ များနှင့် အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင် ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှု ကိစ္စများ၊ ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအားဆု လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးအောင်ဖြိုးသော်က ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံမေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၅၀) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဇာသပြင်အရှေ့ကျေးရွာနှင့် အနောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊  ပြည်နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image