ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပုံနှိပ်ထုတ်ဝေသော သင်ကြားရေးအထောက်အကူပြုစာအုပ်များဖြစ်သည့် မြန်မာ-စကောကရင်-အနောက်ပိုးကရင် အဘိဓာန်၊ မြစ်ဝကျွန်းပေါ်ပိုးကရင်ရိုးရာပုံပြင်များ၊ စကောကရင်/ပိုးကရင်(KG)ပုံနှိပ်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများ၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌများ၊ အတွင်းရေးမှူး များ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြား၍ ဦးစီးဌာန(၂)ခုမှ တာဝန်ခံအရာရှိများဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီတို့က ဌာန၏ လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌက စာအုပ်များပေးအပ်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကရင်စာ/ယဉ်အသင်းဥက္ကဌများထံသို့ သင်ကြားရေး အထောက် အကူပြုစာအုပ်များအား ပေးအပ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကရင်စာ/ယဉ်အသင်းဥက္ကဌများ၏ ကိုယ်စား ပန်းတနော်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းဝင်းမောင်က ကျေးဇူး တင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။